ကြယ်တံခါးဖွင့်လှစ်ချိန်
အသားကျနေတဲ့ ခြေလှမ်းတွေက
လျှောက်နေကြ မြေလမ်းအတိုင်း
ဆုံမှတ်တစ်ခုဆီ ဦးတည်ခဲ့ကြ . . .
နားလည်မှုတွေ ပေါင်းစပ်ထားတဲ့
မထင်မှတ် ခင်မင်မှုအတွက်
နေ့ရက်တွေ ရေတွက်ဖို့
ပြက္ခဒိန်ကို မေ့လျော့ခဲ့ကြ . . .
လရိပ်တစ်ခုအောက်မှာ
အနာဂတ် အိပ်မက်တွေနဲ့
ညရဲ့ ငြိမ်းချမ်းခြင်းထဲ
ငါတို့အတူတူ လက်တွဲလျှောက်ခဲ့ . . .
အယူအဆတွေ အချိုးချဖို့
အဖြူရောင် ရိုးသားမှုနဲ့
ငါတို့တွေ ဆုံဆည်းခဲ့ကြတာ
အပြာရောင် လရိပ်အောက်မှာပေါ့ . . .
(နားလည်ပေးခဲ့သော သူငယ်ချင်းသုံးယောက်အတွက်)
ကောင်မလေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment