Thursday, July 23, 2009

Freedom In Dreams


You had hurt my legs...
had died my hands
had locked my mouth
had smoked my brain
You should satisfy, should please...

You had swallowed my soul...
had chewed my meat
had deaden my sense
had dried my shade
You should satisfy, should please...

You can destroy my body...
can dirty my history
can shake off my life
can take out my breath
Do it to satisfy, to get please...

But I still have a thing...
that's away from your hands
that's away from your captivation
that's "My Dreams"
Do you notice it, and care it?

You can't ban my dreams...
can't restrict my dreams
can't change my dreams
can't paint my dreams
And can you satisfy, can you please?

                                     Shata
                                     5th,June,2008.


"မက်ခွင့်"

အသင် အကျွန်ုပ်ရဲ့ ခြေကိုကျော့စေပြီ...
အကျွန်ုပ်ရဲ့ လက်ကိုသေစေပြီ
အကျွန်ုပ်ရဲ့ ဦးနှောက်ကိုမှိုင်းတိုက်ပြီးပြီ
အကျွန်ုပ်ရဲ့ ပါးစပ်ကိုသော့ခတ်ပြီးပြီ
အသင် ကျေနပ်ပါတော့... နှစ်သိပ်ပါတော့...

အသင် အကျွန်ုပ်ရဲ့ အသွေးကိုမျိုပြီးပြီ
အကျွန်ုပ်ရဲ့ အသားကိုဝါးပြီးပြီ
အကျွန်ုပ်ရဲ့ အတွေ့ကိုထုံစေပြီ
အကျွန်ုပ်ရဲ့ အရိပ်ကိုညစ်စေပြီ
အသင် ကျေနပ်ပါတော့ ...နှစ်သိပ်ပါတော့...

အသင် အကျွန်ုပ်ရဲ့ အသွေးအသားကို ဖျက်စီးလို့ရမယ်
အကျွန်ုပ်ရဲ့ အသက်ငွေ့ကို နုတ်ယူလို့ရမယ်
အကျွန်ုပ်ရဲ့ သမိုင်းကို နွမ်းညစ်အောင်လုပ်လို့ရမယ်
အကျွန်ုပ်ရဲ့ ဘ၀ကို မွှေနောက်ပြစ်လို့လည်းရမယ်
အသင်ကျေနပ် သလောက်ပြုပါ...နှစ်သိပ်သလောက်ပြုပါ...

သို့ပေမယ့် အသင့်ရဲ့ ပျက်စီးစေတတ်တဲ့ လက်နဲ့ကင်းတဲ့အရာ
အသင့်ရဲ့ မှုးမိုက်စေတတ်တဲ့ ညို့ချက်နဲ့ လွတ်တဲ့အရာ
အကျွန်ုပ် မှာကြွင်းကျန်ပ်ါသေးရဲ့
အဲ့ဒါ အကျွှန်ုပ်ရဲ့ အိမ်မက်တွေပဲ
အသင် သတိထားမိပါစ...သတိမှုမိပါစ...

အသင် အကျွန်ုပ်ရဲ့ အိမ်မက် မက်ခွင့်ကို ပိတ်ပင်လို့မရဘူး
အကျွန်ုပ်ရဲ့ အိမ်မက် တွေကို ချုပ်ချယ်လို့မရဘူး
အကျွန်ုပ်ရဲ့ အိမ်မက် ဇတ်ညွန်းကို ပြုပြင်လို့မရဘူး
အကျွန်ုပ်ရဲ့ အိမ်မက် တွေကို အရောင်ဆိုးလို့မရဘူး
အသင်ကျေနပ်နိုင်ပါစ...နှစ်သိပ်နိုင်ပါစ...
                                                   ရှတာ
                                                   5th,June,2008.

Saturday, April 11, 2009

"အရင်းအနှီး"

စက်ရုံအသစ်ကြီးတွေ
အမြစ်က စတည်ရအောင်
ငါတို့ ထွက်ခဲ့ကြတယ်
လက်ဗလာ၊ ခြေဗလာ ပေမယ့်
အကြံဥာဏ် အသစ်စက်စက်တွေ ကိုင်စွဲလို့
အသည်းနှလုံးတွေ တံတားခင်း
မျက်ရည် ပင်လယ်တွေ ဖြတ်ပြီး
ဆူးကြမ်းလမ်းပေါ် သွေးစက်တွေချန်ရင်း
ငါတို့ …….
အောင်မြင်စွာ ပြန်ခဲ့မယ်ဟေ့။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၃)
၂-၁၀-၂၀၀၂

Thursday, April 9, 2009

"အကယ်၍သာ….."

"ကောင်း" ရယ်
နှင်းသည်းတဲ့ နိုင်ငံမှာ
မောင်စိုက်တဲ့ အလွမ်းသစ်ပင်
ယှဉ်နိုင်သူ ယှဉ်ရော့ပဲ။
ရေခြား၊ မြေခြား
အို… ကမ္ဘာတောင် ခြားထားပြီပဲ
ရင်ထဲမှာ သွေးစက်လက်နဲ့
အလွမ်း ဒါဏ်ရာတွေ ဗလပွမို့
ဒီမောင်မှာ အခါခါ စိတ်တင်းလဲ
လွမ်းတေးဆို၊ ငိုချင်နေမိတုန်းပဲလေ။
ညနက်နက်တွေ တိုင်းလဲ
ကြယ်စင်တွေ ရေတွက်ရင်း
မိုးအလင်းမှာ အိမ်ပြန်ချင်မိတယ်။
တကယ်တော့
ဒီအလွမ်းတွေကို
ခွန်အားတွေ အဖြစ် ဖန်ဆင်းဖို့
တောင်ပံ တစ်စုံကို ဝတ်ဆင်ပြီး
ပျံသန်းခဲ့ပါ ချစ်သူရေ။
ဘလူးဖီးနစ်
ရုရှရောက် ကဗျာ အမှတ်(၂)
၃၀-၀၉-၂၀၀၂

Wednesday, February 18, 2009

`` သူငယ်ချင်းသို့ . . . ´´

သူငယ်ချင်း . . .
လူပြည်ခဏ လူ့လောကကား
တွေ့ကြကြုံကြ ဆုံရထွေထွေ
ပေါင်းဖော်ဆွေရင်း သူငယ်ချင်းလည်း
ချန်သူကျန်သူ လွမ်းသူမယွင်းဖြစ်မည်တည်း။
သူငယ်ချင်း . . .
အောင်မြင်ကျော်ကြား ထိုတသူကား
ဦးခေါင်းခြေလက် ၀မ်းတွင်းထွက်က
မကဲအပို မထူးလိုမို့
ဒို့လိုလူသား သာမာန်သားပင်ဖြစ်သတည်း။
သူငယ်ချင်း . . .
သို့သော်ကားလည်း ငါ၏ဆွေရင်း
သူငယ်ချင်းကား ဇွဲရှင်လုံ့လ
ကြံဆအမြဲ ပညာရဲသမို့
မစဲမိုးလား ကျော်ကြားသူကား ဖြစ်မည်တည်း။
ဇေယျ
(ဆားမှော်)

`` သက္ကရာဇ် . . . အလွမ်း ´´

တစ်နေ၀င် တစ်နေထွက်လို့
အချိန် နာရီတွေပြောင်းခဲ့ပေမဲ့
နေ့ရက်တွေ တစ်ရက်ပြီးတစ်ရက်
ကုန်ဆုံးခဲ့ပေမဲ့ . . .
ယနေ့အချိန်ထိ မင်းကို
လွမ်းဆွေး တမ်းတနေရဆဲပါ။
သတိရနေ့စွဲတွေလည်း
ဒိုင်ယာရီမှာ ပြည့်နေဆဲပါ။
မဖြစ်နိုင်မှန်း မဆုံနိုင်မှန်း
သိနေခဲ့ပေမဲ့
မျှော်လင့်ခဲ့သူပါ။
မျှော်လင့ခြင်းကမ်းပါးတွေ
မင်းနဲ့အတူ ရေစီးတွေနဲ့
မျောပါသွားတော့ ပြိုပျက်ခဲ့ရပြီပေါ့ . . .
မျှော်လင့်ခြင်းတွေ ပျောက်ဆုံးသွားတဲ့အခါ
ရင်မှာ ခံစားချက်တွေ
ဝမ်းနည်းခြင်းနဲ့အတူ ဆို့နင့်ခဲရပြီ
မှတ်မိဆဲ မှတ်ဉာဏ်တွေလည်း
ခေတ္တ ရပ်ဆိုင်းခဲ့ရပြီပေါ့
စကားလေးတစ်ခွန်းကိုပေါ့
သတိရ လိုက်မိတယ်
``ကြင်သူလွမ်းနေရှာတော့မယ်´´
ဒို့အတွက် . . . တသက်တာလုံးအတွက်ပေါ့
ထာဝရအလွမ်းတွေကို . . .
ပိုင်ဆိုင်စေခဲ့ရပြီး။
Nebula (J.S.Lu )
( Civil )

`` ပန်းမဉ္ဇူ ´´

အို ပန်းလေး . . .
ပန်းလေးကလှတယ် မွှေးတယ်သင်းပျံ့တယ်
ဒါပေမယ့် ဆူးမဲ့တဲ့ပန်းလေးပါပဲ။
သြော် ငါကပန်းချစ်သူ
ခူးချင် နမ်းချင် အလှကြည့်ချင်နဲ့
အချိန်တန်ရင် ကြွေရမယ်။

အို ပန်းလေး . . .
သင်ဘယ်အချိန်ထိများ မွှေးနေအုံးမှာလဲ
သြော် ငါကလည်း
ရာဇ၀င်တွင်တဲ့ ပန်းချစ်သူလား။

အို ပန်းလေး . . .
ကြွေမှာလည်း ငါမမြင်ရက်ဘူး
ဪ ငါ့ဆန္ဒ
အမြဲတမ်းပဲ မွှေးနေ စေချင်တယ်။

အို ပန်းလေး . . .
ထာဝရ ရှင်သန်စေဖို့
ဪ ငါ့ဆန္ဒပြည့်ဝဖို့အတွက်
ထာဝရဥယျာဉ်မှူးပဲ ဖြစ်နေချင်တယ်။

L . HERO

`` ရင်ခုန်မိသူ ´´

မမျှော်လင့်ဘဲတွေ့ရှိ
Heart ကိုထိခဲ့ . . .
အမည်မသိတဲ့
ရင်ခုန်ခဲ့မိတယ် . . .
အသံလေးကြားလိုက်တော့
Heart ထဲကို
ချိုသာစွာစီးဆင်းပြီး
ဘာမှန်းမသိတဲ့ စည်းချက်နဲ့
ရင်ခုန်ခဲ့မိတယ်
နှောင်တစ်ချိန်ကြရင်လည်း
ဘာမှန်းမသိတဲ့
ရင်ခုန်ခြင်းတွေနဲ့
ထားရစ်ခဲ့မှာတွေးပြီး
မ၀င့်မရဲစိုး တထိတ်ထိတ်နဲ့
ရင်ခုန်ရပြန်တယ် . . .

Valenchi
11.6.08
(1:00 pm)